တနင်္သာရီ ဇန်နဝါရီ ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတစ်ဝန်းတွင် ကျင်းပ လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ မြို့မရဲစခန်းဝင်း အတွင်းတွင် ဇန်နဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းက လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားကို ကျင်းပခဲ့သည်။
အလံတင်အခမ်းအနားကို နံနက်(၄)နာရီ မိနစ်(၂၀)တွင်ကျင်းပရာ နိုင်ငံတော်အလံအား ဂုဏ်ပြုတပ်ဖွဲ့မှ အလံတိုင်ထိပ်သို့လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင် ကြီးများအား တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးနိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင် ရာအကြီးအကဲများက ဦးညွှတ်အလေးပြုခဲ့ကြောင်း သိရသည်။
သီသီခိုင်(တနင်္သာရီ)