ကမမောင်း ဇန်နဝါရီ ၄
ကရင်ပြည်နယ်၊ကမမောင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ဇန်နဝါရီ(၄)ရက်နံနက်(၈)နာရီတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ / နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော “(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ” အား မြို့စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (မြို့အုပ်ချုပ် ရေးမှူး) ဦးသန်းကျော်သူက ဖတ်ကြားသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ / မြို့အုပ်ချုပ် ရေးမှူး ဦးသန်းကျော်သူ နှင့် အဖွဲ့ဝင်များ၊ မြို့အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ နိုင်ငရေးပါတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)