လိပ်သို ဇန်နဝါရီ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး အဓိက စီးပွားရေးလုပ်ငန်း အနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်လျှက်ရှိရာ စီးပွားရေးလုပ်ငန်းအရ သီးနှံများ စွာရှိ သည့်အနက် ကော်ဖီစိုက်ပျိုးဆွတ်ခူးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
လိပ်သိုဒေသတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီစိုက်တောင်သူများအား ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာသင်တန်းများတွင် အရည်အသွေးကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုး စေခြင်း၊ ပင်အိုတက်သစ် မွေးမြူခြင်း၊ ကော်ဖီဆွတ်ခူးချိန် နည်းလမ်းမှန်ကန် စေရေးစသည့် နည်းပညာများအား အခါအားလျော်စွာ သင်တန်းများပို့ချ၍ အသိပညာပေးခဲ့ကြောင်း သိရသည်။
ယခုအချိန်တွင် ကျေးရွာများ၌ ကော်ဖီသီးများ ရင့်မှည့်လာပြီးဖြစ်၍ ကော်ဖီစိုက်တောင်သူများက စတင် ဆွတ်ခူးလျှက်ရှိပြီး အချို့သောတောင်သူများမှာ မိရိုးဖလာအတိုင်း ဆွတ်ခူးနေလှန်း၍ အချို့ မှာ အစိမ်းလိုက်ရောင်းချ၍ အစိမ်းတစ်ပုံးလျှင် ကျပ် ၅၀၀၀ခန့် ရရှိကြောင်း သိရသည်။
မြို့ပြန်/ဆက်