လက်ပံတန်းမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

လက်ပံတန်း ဇန်နဝါရီ ၄

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (၇၄)နှစ်‌မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်    အလံတင် အခမ်းအနားနှင့် အလံအလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၄ နာရီ၂၀ မိနစ်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမ ံအုပ်ချုပ်ရေး အဖွဲဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ အဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ရပ်/ကျေး အထောက်အကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်‌ရောက်၍ နိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး များနှင့်တပ်ဖွဲ့ဝင်များတို့အားအလေးပြုခဲ့ကြသည်။

ထို့နောက် နံနက် ၇နာရီတွင် မြို့နယ်ခန်းမ၌     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှ ပေးပို့သော     (၇၄)နှစ် မြောက်  လွတ်လပ်ရေးနေ့   သဝဏ်လွှာကို    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က ဖတ်ကြားခဲ့သည်။ သဝဏ်လွှာ ဖတ်ပွဲ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့  အထိမ်းအမှတ် “  သတင်းစကား” လက်ကမ်း စာစောင်များ ကို ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲဝင်များ၊  ဌာနဆိုင်ရာ အကြီးအကဲများ ၊အသင်းအဖွဲ့များ ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် ကျေးရွာများမှ ပြည်သူများ ၊တိုင်းရင်းသားများတက်ရောက် ခဲ့ကြကြောင်းသိရသည်။

 

ဝင့်နန္ဒာဌေး