ကြို့ပင်ကောက် ဇန်နဝါရီ ၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်က ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ နံနက် ၇ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက ဖတ်ကြားပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ များတွင်ဆုရရှိသူများနှင့် ကလေးပြိုင်ပွဲတွင် ဆုရရှိသော ကလေးနှင့်မိဘများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီး သီးချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက်အခမ်းအနားသို့တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာဆရာမများ၊ ကျေင်းသားကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ၇၄ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့် ဝေပေးခဲ့ကြကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)