ဘုတ်ပြင်း ဇန်နဝါရီ ၄
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ဘုတ်ပြင်မြို့ စည်ပင် သာယာကွင်းရှိ ယာယီလွတ်လပ်ရေးကျောက်တိုင်၌ ယနေ့ နံနက်က ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနား တက်ရောက်လာကြသူများက သတ်မှတ်ထားနေရာများတွင် အသီးသီး နေရာယူ ကြပြီး နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အလံတင်အဖွဲ့မှဦးဆောင်၍ နိုင်ငံတော် အလံ လွှင့်ထူကာ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများနှင့် တကွရဲဘော်အပေါင်းအား အလေးပြုခြင်းတို့ကို စုပေါင်း အလေးပြုကြသည်။
အဆိုပါ နိုင်ငံတော်အလံတင်အလေးပြုခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ နိုင်ငံရေး ပါတီများနှင့် လူမှုရေး အသင်းအဖွဲ့များ ဒေသခံမွန်တိုင်းရင်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်( ပြန်/ဆက်)