(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ တောင်တွင်းကြီး ၌ ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ ၄

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်း ကြီးမြို့နယ်  အထွေထွေအုပ်ချုပ်ရေဦးစီးဌာနရုံးတွင် ယနေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ နိုင်ငံတော်အလံတင်အခမ်းအနား ကိုကျင်းပရာ  နံနက်(၄)နာရီ(၂၀)မိနစ်အချိန်တွင်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြု တပ်ဖွဲ့မှ တိုင်ထိပ်သို့လွှင့်တင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက အလေး ပြုခဲ့ကြသည်။

ဆက်လက်၍ နံနက်(၇)နာရီအချိန်တွင် သ၀ဏ်လွှာဖတ်ပွဲကိုကျင်းပရာ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းက ဖတ် ကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ဌာနဆိုင်ရာ အကြီးအကဲများစုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ဝင်း