(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့  အလံတင် အခမ်းအနား မြိတ်မြို့၌ ကျင်းပ

မြိတ်   ဇန်နဝါရီ   ၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံ တစ်ဝန်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မြို့မအားကစားကွင်းတွင် ဇန်နဝါရီလ(၄)ရက် နံနက်ပိုင်းက လွတ်လပ်ရေးနေ့  အလံတင် အခမ်းအနားကို ကျင်းပခဲ့သည်။

အလံတင် အခမ်းအနားကို နံနက်(၄)နာရီ မိနစ်(၂၀)တွင် ကျင်းပရာ နိုင်ငံတော်အလံအား ဂုဏ်ပြုတပ်ဖွဲ့မှ အလံတိုင်ထိပ်သို့ လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့်  အာဇာနည် ခေါင်းဆောင်ကြီးများအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကရင်တိုင်းရင်းသားများနှင့် လူမှုရေးအသင်းအဖွဲ့များက  ဦးညွှတ် အလေးပြုခဲ့ကြသည်။

ခိုင်ထူး (မြိတ်ပြန်/ဆက်)