မြဝတီ ဇန်နဝါရီ ၄
ကရင်ပြည်နယ် မြဝတီမြို့တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ယနေ့နံနက်(၄)နာရီ ၂၀ မီနစ်အချိန်၌ မြဝတီမြို့ မြစန္ဒီပန်းခြံတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ ဂုဏ်ပြုအခမ်းအနားဖြင့် လွှင့်တင်သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုး တင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား စုပေါင်းအလေးပြုကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)