ပြည် ဇန်နဝါရီ ၄
၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့အထက (၁)လွတ် လပ်ရေး ကျောက်တိုင်ကွင်း၌ ယနေ့နံနက် အစောပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ နံနက် ၄ နာရီ၊ မိနစ်၂၀ အချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်နိုင်ငံတော် အလံအား တိုင်ထိပ်သို့လွင့်တင်ပြီး တက်ရောက်လာသော ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံကို ငြိမ်သက်စွာ ဦးညွတ်အလေးပြု၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)