ဟင်္သာတ ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကြီးမှုးကျင်းပသော ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “စံပြမိခင်နှင့်ကလေး” ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခင်နန်းချိုမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် သွားကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ လမင်းကိုကိုမှ ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက ဆုရရှိသူများကို ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
ကလေးပြပွဲ ပြိုင်ပွဲတွင် အသက် (၃)လမှ (၆)လ၊ ၆ လမှ ၉ လအထိလည်းကောင်း၊ ၉ လမှ အသက် ၁ နှစ်ခွဲထိ ကလေးများနှင့် စံပြမိခင်ဆုများ၊ အမွှာဆုများ၊ လွတ်လပ်ရေးမောင်မယ်ဆုများကို ရွေးချယ် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ကိုဇော်(ဟင်္သာတ)