(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အမ်းမြို့နယ်၌ ကျင်းပ

အမ်း ဇန်နဝါရီ 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ၂၀၂၂ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်()နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းခိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များတက်ရောက်ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုကြသည်။ ဆက်လက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်က ဖတ်ကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမ်းအနား သို့တက်ရောက်လာသူများနှင့် အမ္ဗနဒီဈေးရှိ ဈေးရောင်း/ဈေးဝယ် ပြည်သူများအား လေ့လာဖတ်ရှု့ နိုင်ရန် အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်းသိရှိရသည်။

 

စိုးမင်းထွန်း