မြို့သစ်မြို့နယ်တွင်း ရေရှားပါးသော နေရာများသို့ သောက်သုံးရေများသွားရောက်လှူဒါန်း

မြို့သစ် မတ်  ၅

မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နှစ်စဉ်သောက်သုံးရေ အလွန်ခက်ခဲသော ကျေးရွာအုပ်စုများ အတွင်းရှိသော တဲတိုက်များတွင် နှစ်စဉ်အမြဲလိုလို သောက်သုံးရေများ ရှားပါးမှုများဖြင့် ကြုံတွေ့ရသည့်အတွက် မြို့သစ်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူး၏ စေတနာထားလုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းများအပေါ်တွင် မြို့နယ်အတွင်းရှိ အလှူရှင်များ ထွက်ပေါ်လာသည့်အတွက် ယမန်နေ့ နံနက်ပိုင်းက လဲလူကျေးရွာအတွင်းရှိ တဲတိုက်များနှင့် တယ်ပင်စမ်းကျေးရွာအတွင်းရှိ တဲတိုက်များသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိပါသည်။

ထိုသို့သောက်သုံးရေများ လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကူညီမှုများရရှိလျှက်ရှိရာ ရေဂါလံ(၁၆၀၀)ဆံ့ မီးသတ်ရေယာဉ်(၂)စီးဖြင့် ဂါလံ (၃၂၀၀) ဂါလံအား တဲတိုက်များအရောက် သွားရောက် လှူဒါန်းပေးဝေခဲ့ရာ ကျေးရွာများရှိ တဲတိုက်များ အရောက် သောက်သုံးရေများကို ကွက်သစ် ရပ်ကွက် ဦးသာညီမိသားစုက သောက်သုံးရေ အမှန်တကယ် လိုအပ်သည့် တဲတိုက်များအတွက် အလှူငွေများကို လာရောက်လှူဒါန်းလျှက်ရှိသည်။

အဆိုပါ သောက်သုံးရေ ခက်ခဲသည့်ကျေးရွာများကိုလည်း ကိုယ်ချင်းစာစိတ်ထားရှိပြီး မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာဒေသခံများအတွက် ခရိုင်/တိုင်း အဆင့်ဆင့်ကို လည်း အမြန်ဆုံးတင်ပြ ဆောင်ရွက်မည်ဖြစ်ပြီး တစ်ဖက်မှလည်း အလှူရှင်များကို အားသွန်ခွန်စိုက် ကြိုးစားရှားဖွေကာ သောက်သုံးရေ အမြန်ဆုံးရရှိအောင် ဆောင်ရွက်သွားမည့်အပြင် နယ်မြေ၏ ရေ၊ မြေ သဘာဝ တည်ရှိမှုများကိုပါ ကွင်းဆင်းဆောင်ရွက်ပြီး အမြန်ဆုံးတူးဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျေးရွာအုပ်စုများနှင့် ဒေသခံပြည်သူများအား ပြောကြားခဲ့သည်။ သောက်သုံးရေ အခက်အခဲ မရှိစေရေးအတွက်ကိုလည်းအမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဇော်ဇော်(မြို့သစ်)