ဒီပဲယင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ 

ဒီပဲယင်း     ဇန်နဝါရီ  ၄ 

စစ်ကိုင်းတိုင်းသေကြီး၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာန ဝန်ထမ်းများက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်း စာစောင်များကို ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီအချိန်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားသို့ တက်ရောက်ရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဆရာ/ဆရာမများ ၊ ကျောင်သား/ကျောင်သူများကို ဖြန့်ဝေပေးခဲ့သည်။ 

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးတစ်လျှောက်ချုပ်ဆိုခဲ့သည့်စာချုပ်များ၊လွတ်လပ်ရေးကိုကာကွယ်ရမယ်၊(၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည် ချက်(၄)ရပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ပြောကြားသည့်မိန့်ကောက်နုတ်ချက် များ ၊ ၁၉၄၈ခုနှစ်၊ဇန်နဝါရီလ ၄ ရက်နေ့ ပထမဆုံးသောလွတ်လပ်ရေးနေ့အခမ်းအနားတွင်ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့်မိန့်ခွန်းမှကောက်နုတ်ချက်များ ကဗျာ ၊ ကာတွန်း စသည့်အကြောင်းအရာများပါဝင်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသောသတင်းစကား လက်ကမ်းစာစောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

သိန်းထွန်း