ဝက်လက်မြို့ ၌ ( ၇၄ )  နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

ဝက်လက်  ဇန်နဝါရီ  ၃

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ဝက်လက်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ တွင်ကျရောက်မည့်  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များ ကို  ယနေ့နံနက်(၉)နာရီကစတင်ကာ  ဌာနဆိုင်ရာရုံး များရှိဝန်ထမ်းများ၊ အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ၊ စျေးရောင်းချသူများထံသို့ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေ ပေးခဲ့သည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကား လက်ကမ်း စာစောင်တွင် လွတ်လပ် ရေးနေ့ အမျိုးသားဦးတည်ချက် ( ၄ ) ရပ် ၊ မြန်မာ့လွတ်လပ်ရေးတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ လွတ်လပ်ရေးကို ကာကွယ်ရမည် ၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက၊ ကမ္ဘာတည်သရွေ့စောင့်ရှောက် ၊ တို့များဆင်မြန်း လွတ်လပ်ရေးကဗျာ ၊ သွေးစည်းချစ်ကြည် လက်ချင်းဆက် ၊ လွတ်လပ်ရေးသည် ဒို့အသက် ဆောင်ပုဒ် ၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ ၊ မျိုးချစ်အားနှင့် ကာကွယ်ပါ ဆောင်ပုဒ် ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကာတွန်းများ ထည့်သွင်းဖေါ်ပြထားကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်