ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးနှင့် ကျပန်းစကား ပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ထန်းတပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း ပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်မသန်းစိန်က အဖွင့်အမှာစကားပြောကြားပြီး ထန်းတပင်မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုလှိုင်က ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ များနှင့် လွန်ဆွဲပြိုင်ပွဲ၊ ထုတ်စည်းတိုးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)