ထီးချိုင့် ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ထီးချိုင့်မြို့ရှိ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို မြို့နယ်အားကစားမှူး ဦးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး ရိုးရာ ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ကိုမောင်ထွေး(သရက်မှော်)အသင်းအား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ထွန်းမှလည်းကောင်း၊ အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော မဖြူစင်ချိုနှင့် အမျိုးသားစားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ပထမရရှိသော မောင်ဇင်မင်းထွန်းတို့အား မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဦးကျော်စွာထွန်းမှ လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော အားမာန်ကလပ်အသင်းအား ရဲမှူး ပြေဦးမှလည်းကောင်း၊ ဘော့လုံးဂိုးကျဉ်းပြိုင်ပွဲတွင် ပထမဆုရရှိသော Glaxy Star အသင်းအား အား/ကာကော်မတီဥက္ကဌ ဦးဇော်လင်းက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးပြေဦးနှင့် မြို့နယ်အားကစားမှူးဦးမင်းထက်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သက်ဆိုင်ရာအားကစားကော်မတီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ရဲလင်းထွန်း(ထီးချိုင့်)