ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့်ဂိမ်းကစားပြိုင်ပွဲများကျင်းပ

ပြည် ဇန်နဝါရီ ၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre၌ ယနေ့နံနက် ၁၀ နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပရာ ပြည်မြို့ ပွင့်သစ်စ မူလတန်းကြိုကျောင်းမှ မူကြိုအရွယ်ကလေးငယ် ၁၅ ဦး ဝင်ရောက် ယှဉ်ပြိုင် ကြသည်။

ပြိုင်ပွဲဝင်ကလေးငယ်များအား ဆရာဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် ခရိုင်ပြန်/ ဆက်ဝန်ထမ်းများက အားပေးကြည့်ရှုပြီး ဆေးရောင်ခြယ်နှင့် ကဗျာရွတ်ပြိုင်ပွဲများ နှင့်အတူ ကလေးများပျော်ရွှင်စေရန် ပူဖောင်းသယ်ပြိုင်ပွဲ၊ ဘိုးလင်းပစ်ပြိုင်ပွဲ အစရှိသည့် ဂိမ်းကစားပြိုင်ပွဲများကိုလည်း ကျင်းပပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဆေးရောင်ခြယ်နှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးပြီး ယင်းပြိုင်ပွဲ များကိုကလေးများ၏ ကာယ၊ ဉာဏစွမ်းရည်များပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် လွတ်လပ်ရေးနေ့အား အမှတ်တရဖြစ်စေရန်ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။

ပြည်ခရိုင်ပြန်/ဆက်