အိမ်မဲ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသားကျောင်းသူလူငယ်လူရွယ်များလွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းတို့ကိုသိရှိစေရန်ရည်ရွယ်ချက်ဖြင့်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနင့်ပြိုင်ပွဲများကို ဇန်နဝါရီလ ၃ ရက် မွန်းလွဲ ၁ နာရီအချိန်ကကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် အ.မ.ကမြို့မ (၁)ကျောင်းမှ ဆရာကြီးဦးမြင့်နိုင်က လွတ် လပ် ရေးကြိုးပမ်းမှုသမိုင်းအကြောင်း၊လွတ် လပ်ရေး၏အရသာ၊လွတ်လပ်ရေးနေ့သမိုင်းကြောင်း၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက်(၄)ချက်နှင့်လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့်သိကောင်းစရာများကို အကျယ်တဝင့်ဟောပြောပေးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ကျောင်းသား/သူ များအားဥာဏ်ရည်ဥာဏ်သွေးနှင့်အယူအဆများထက်မြတ် လာ စေရန်၊ကိုယ်ကာယကြံခိုင်စေရန်အစရှိသည့်ရည်ရွယ် ချက်များဖြင့် မှတ်ဥာဏ်ဂိမ်းပြိုင်ပွဲ၊စကားပုံဆက်ပြိုင်ပွဲ၊အာလူးကောက်ပြိုင်ပွဲများကျင်းပပေးခဲ့ရာ ကျောင်းသား/သူ (၁၈)ဦးပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲအလိုက် ပထမ၊ဒုတိယ၊တတိယ ရရှိသူများကို မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
ချစ်သက်လယ်