ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၃
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးပြပွဲပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကထန်းတပင်မြို့ သီရိမင်္ဂလာ ခန်းမ၌ ကျင်းပသည်။
ကလေးပြပွဲပြိုင်ပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒေါ်စီစီစိုးဦးနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိမိခင်နှင့် ကလေးဒေါ်ခင်သူသူအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြည့် ရှုအားပေးကြပြီး ကလေးငယ်များအား ကစားစရာများပေးအပ်ကြသည်။
ပြိုင်ပွဲဝင်ကလေးငယ်များအား ဆရာဝန်၊ သူနာပြုများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များက မွေးစာရင်းရရှိမှု၊ ခန္ဓာကိုယ်ဖွံ့ ဖြိုးမှု၊ ဆေးစစ်ဆေးချက်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အသိဉာဏ်ဖွံ့ဖြိုးမှု၊ ကာကွယ်ဆေးထိုးနှံမှု၊ ကာကွယ်ဆေးထိုးနှံမှုမှတ်တမ်းရရှိမှု၊ ကျွမ်းကျင်သူနှင့် မွေးဖွားမှုနှင့် ကိုယ်အလေးချိန်တိုင်းတာမှု မှတ်တမ်းရရှိမှု စသည်တို့ဖြင့် စစ်ဆေးယှဉ်ပြိုင်ပြီးဒေါက်တာခင်သူသူအောင်က ကလေးငယ်များ၏ ကျန်းမာ ရေးများကိုလည်း စစ်ဆေးပေးကြသည်။
ကလေးပြိုင်ပွဲတွင် မွေးကင်းစမှ ၆ လအထိကလေးပြိုင်ပွဲ၊ ၆ လမှ တစ်နှစ်ထိပြိုင်ပွဲ၊ တစ်နှစ်မှ နှစ်နှစ်ထိပြိုင်ပွဲနှင့် အမွှာကလေးပြိုင်ပွဲများပါဝင်ပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသော ကလေးငယ်များအား တာဝန်ရှိသူများကဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)