သဲကုန်း ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်ကို ယနေ့နံနက်ပိုင်းက (သဲကုန်း) အခြေခံအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသား ညီညွတ်ရေးဆိုသည်မှာ၊ လွတ်လပ်ရေးကိုကာကွယ်ရမယ်၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက (နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းကောက်နှုတ်ချက်များ)၊ စာရေးဆရာ ဖိုးလေးလုံးသောင်းကိုကို ရေးသားသော တို့များဆင်မြန်းလွတ်လပ်ပန်း (ကဗျာ)၊ ကမ္ဘာတည်သ၍ မြန်မာ့လွတ်လပ်ရေးတည်တံ့ ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း လွတ်လပ်ရေးနေ့ အသိပညာ ပေးကာတွန်းနှင့် ဆောင်ပုဒ်များပါဝင်ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)