မြို့သစ်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ

မြို့သစ် ဇန်နဝါရီ 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးချုပ်မှ စီစဉ်ထုတ်ဝေသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို  ယနေ့ နံနက်ပိုင်းက  အမှတ်() အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  သတင်းစကား လက်ကမ်း စာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်()ရပ်၊  အမျိုးသားညီညွတ်ရေး၊ လွတ်လပ်ရေးကို  ကာကွယ်ရမယ်၊ မြန်မာ့လွတ်လပ်ရေ ကာလ တစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ   ပြည်သူတွေရဲ့အင်အားသည်သာ အဓိက  ကမ္ဘာတည်သရွေ့စောင့်ရှောက်၊  တို့များဆင်မြန်း လွတ်လပ်ပန်းကဗျာ  သွေးစည်း ချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည်  တို့အသက်ဆောင်ပုဒ်  လွတ်လပ်ရေးနှင့် အချုပ်အခြာ မျိုးချစ်အားနှင့် ကာကွယ်ပါဆောင်ပုဒ်နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကာတွန်းများ ထည့်သွင်းဖော်ပြထားပြီး   မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာရရှိစေရေး ဖြန့်ဝေပေးခဲ့ကြောင်း သိ ရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)