ကသာမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကသာ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌၊ ကသာခရိုင်အားကစားနှင့် ကာယပညာ ကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်()နာရီအချိန်က ကသာမြို့ မီတာ(၄၀၀) အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ် ရွှေဆုများရှင် ဦးအောင်သန်းနှင့် ဘတ်စကက်ဘောနည်းပြ ဆရာ ဦးမြင့်ထူးတို့အား ဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ် တမ်းများပေးအပ်ခဲ့သည်။

ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယ ပညာကော်မတီဥက္ကဋ္ဌနှင့် ဧည့်သည်တော်များက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ပြီးနောက် ကသာပညာရေး ဒီဂရီကောလိပ်မှ ဆရာ၊ဆရာမများ၊ ခရိုင်အေရိုးဗစ်အသင်းနှင့် အမျိုးသမီးအိမ်တွင်းမ သင်တန်းကျောင်းမှ သင်တန်းသူများက အကများဖြင့် အသီးသီးကပြဖျော်ဖြေခဲ့ပြီး ၎င်းတို့အား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ ကျောင်းပေါင်းစုံ အထက်တန်းအဆင့် အသက်(၁၆)နှစ်အောက် ပြေးခုန်ပစ် အားကစား ပြိုင်ပွဲကို ဆက်လက်ကျင်းပ ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)