နတ်မောက် ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဦးဆောင် ကြီးကြပ်ပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံစားပွဲတင် တင်းနစ် ပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်ခန့်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံစားပွဲတင် တင်းနစ်ပြိုင်ပွဲ တွင် အလွတ်တန်းပြိုင်ပွဲဝင်(၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အနာဂတ်တွင် ထူးချွန်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ တိမ်မြုပ်နေသော အားကစားနည်း များ ပြန်လည်ပေါ်ထွက်လာစေရန်အတွက် စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ကျင်းပခဲ့ပြီးပြိုင်ပွဲတွင် ဆုရရှိသူများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၌ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆုများကို အသီးသီး ချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း