ဝက်လက် ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ဝက်လက်မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသော သတင်းစာ လက်ကမ်း စာစောင်များကို ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အခြေခံပညာ ကျောင်းများ၊ စျေးရောင်းချသူများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေကြောင်း သိရသည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကား လက်ကမ်း စာစောင်တွင် လွတ်လပ်ရေးနေ့ အမျိုးသား ဦးတည်ချက်(၄)ရပ်၊ မြန်မာ့ လွတ်လပ်ရေး တစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ လွတ်လပ်ရေးကို ကာကွယ်ရမည်၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်၊ တို့များဆင်မြန်း လွတ်လပ်ရေး ကဗျာ၊ သွေးစည်းချစ်ကြည် လက်ချင်းဆက်၊ လွတ်လပ်ရေးသည် ဒို့အသက် ဆောင်ပုဒ်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ၊ မျိုးချစ်အားနှင့် ကာကွယ်ပါ ဆောင်ပုဒ်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကာတွန်းများ ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)