(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံများပြသ

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၃

ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  နံရံကပ်စာစောင်နှင့် ဓာတ်ပုံများခင်းကျင်းပြသခြင်းကို ယနေ့နေ့လယ်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ခင်းကျင်းပြသသည်။

အဆိုပါ နံရံကပ်စာစောင်နှင့်ဓာတ်ပုံများတွင် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ မြန်မာပြည်တစ်ခွင် အလှဓာတ်ပုံများ သမိုင်းဝင်မိန့်ခွန်း ကောက်နုတ် ချက်များ လွတ်လပ်ရေးနှင့် ပတ်သက်သည့် ဆောင်းပါးများနှင့် ကဗျာများအား အများပြည် သူများ လာရောက်ကြည့်ရှု လေ့လာမှတ်သားနိုင်စေရေးအတွက် ခင်းကျင်းပြသထားကြောင်း သိရသည်။

မျိုးမင်းဦး