ဂန့်ဂေါမြို့က လွတ်လပ်ရေးကျောက်တိုင်

ဂန့်ဂေါ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ရှိ လွတ်လပ်ရေးကျောက်တိုင်သည် ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် ခရိုင်အားကစားကွင်းအနီးတွင် တည်ရှိ၍ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ရက် နံနက် နာရီ မိနစ် ၂၀ အချိန်တွင် ယူနီဂျက်အလံကိုချ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို လွှင့်ထူခဲ့သည့်နေရာတွင် စိုက်ထူထားသည့် သမိုင်းဝင်နေရာ ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့က နိုင်ငံတော်အလံ အလံတင်အခမ်းအနားတွင် ဂန့်ဂေါမြို့၌ နယ်ပိုင်ဝန်ထောက် တာဝန်ကို ထမ်းဆောင်ခဲ့သည့် ဦးသာဒန်းနှင့် ဂန့်ဂေါမြို့နယ် ရှုံးရှီရွာတွင် နေထိုင်ခဲ့သူ လွတ်လပ်ရေးမော်ကွန်းဝင် တတိယဆင့် ဆရာကြီး ဦးရုန်းမော်တို့က ယူနီယံဂျက် အလံကိုချ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ခဲ့ကြသည်။

နှစ်ကာလရှည်ကြာစွာ လွတ်လပ်ရေးနေ့ရောက်တိုင်း နိုင်ငံတော်အလံ အလံတင် အခမ်းအနားကို အဆိုပါကျောက်တိုင်တွင် ကျင်းပလေ့ရှိကြောင်း သိရသည်။

အဆိုပါနေ့က နိုင်ငံတော်အလံ အလေးပြုအခမ်းအနားကျင်းပ၍ လူထုတက်ရောက် နေရာယူခဲ့သည့် နေရာတွင် အထိမ်းအမှတ်အဖြစ် ၁၉၈၉ ခုနှစ်က ပန်းခြံတည်ဆောက် ခဲ့သည်ဟု ဆရာကြီး ဦးရုန်းမော်ပြုစုသည့် ဘဝနှင့်အတွေ့အကြုံ စာအုပ်တွင် ဖော်ပြထားသည်။

ယခုအခါတွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းအား မွမ်းမံပြင်ဆင်ခြင်းနှင့် ပန်းခြံသာယာ လှပရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်သန်းဆွေ