စုကလိမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းနှင့် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်

စုကလိ  ဇန်နဝါရီ   

ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အားကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ရုံးမှ ၀န်ထမ်းများက အများပြည်သူများအား အသိပညာပေး လုပ်ငန်းတစ်ရပ်ဖြစ်သည့် ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေခေါင်းစဉ်ဖြင့် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်ခြင်းနှင့်ဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသသည့် ၇၄ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အားအခမဲ့ဖြန့် ဝေပေးခြင်းတို့ကို ယနေ့နံနက် ၉ နာရီ ၃၀  အချိန်က စုကလိမြို့ ပြည်သူ့ စာကြည့်တိုက်နှင့် စုကလိမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်ပြဘုတ် ဆောင်ရွက်ပြသရာတွင် မြန်မာနိုင်ငံတော်လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၀င်ဓါတ်ပုံများ၊ ၂၀၂၂ ခုနှစ်အတွက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ လွတ်လပ်ရေးနေ့ အကြိုလှုပ်ရှားမှုမှတ်တမ်းများ အား စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင် အများပြည်သူများအတွက် အချိန်နှင့်တပြေးညီ ပြသ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ အခမဲ့ဖြန့်ဝေသည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်များအား စုကလိမြို့ပေါ်နှင့် ကျေးရွာအုပ်စုနေပြည်သူများသို့ အချိန်မှီ ဖတ်ရှုနိုင်ရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ပိုပိုအောင်