ရွှေတောင် ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက (၇၄) နှစ်မြောက် လွတ်လပ်ရေးအကြို ဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး အငြိမ်းစား ကျောင်းဆရာကြီး ဦးမြင့်ဦးက ကျောင်းသား/ သူ လေးများကို လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့သည်။ အဆိုပါ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း ဓာတ်ပုံများ၊ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များနှင့် ကဗျာ၊ ကာတွန်းများ ပါဝင်သည့် နံရံကပ်စာစောင်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ အဂ်လိပ်-မြန်မာ အတ္ထုပ္ပတ္တိရုပ်ပြစာအုပ်၊ အကျိုးအကြောင်း အဆိုး အကောင်း၊ မြန်မာ့ရေးရာနှင့် ရွေးကောက်ပွဲအလွန် နိုင်ငံရေးစာအုပ်နှင့် အခြားသုတ၊ ရသ စာအုပ်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသူများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း