တမူး ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် ဆောင်ရွက် ခဲ့သည်။
ထိုသို့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်အောက် ကလေးငယ်များအား အသက်အရွယ် အပိုင်းအခြားအလိုက် ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါ၊ ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ အသည်းရောင် အသားဝါ(ဘီ)၊ မေးခိုင် အသဲရောင် အသားဝါရောဂါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့သည်။
အဆိုပါ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဇန်နဝါရီ(၁)ရက်နေ့မှ (၃)ရက်နေ့ထိ ထိုးနှံတိုက်ကျွေးပေးမှာဖြစ်ပြီး ဇန်နဝါရီလ(၂)ရက်နေ့အထိ ကိုယ်ဝန်ဆောင်မိခင်(၅၁)ဦး၊ တစ်နှစ်အောက်ကလေးငယ်( ၃၅၆)ဦး တို့အား ထိုးနှံတိုက်ကျွေးပြီးဖြစ်ကြောင်း မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ တာဝန်ခံ ဆရာမ ဒေါ်ကျင့်လမ်းကျိန်ထံမှ သိရသည်။
ကျော်ကြီး