ရှမ်းရွာသစ်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းရွာသစ် ဇန်နဝါရီ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ နေ့ထူးနေ့မြတ်များ အကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄))နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ (၂၀.၁.၁၉၄၆)ရက် နေ့ အလယ်ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ ၁၉၄၈ခုနှစ် ဇန်နဝါရီလ(၄)ရက် ပထမဆုံး လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နှုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ (၆) လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နှုတ်ချက်၊ ကဗျာ၊ ကာတွန်းနှင့်ဆောင်ပုဒ်များအစရှိသည့်  အကြောင်းအရာများ ပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိ ရသည်။

အေးအေးနွဲ့