(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (မြို့နယ်အဆင့်) ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ဖျာပုံ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အခြေခံပညာအထက်တန်းအဆင့် ကျောင်း ပေါင်းစုံ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဖျာပုံမြို့နယ် အထက-၁ အောင်မြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် မြို့နယ်ပညာ​ရေးမှုး ဒေါ်တင်ရီက ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း​ပြောကြားပြီး​၊ အမှတ်​ပေး အကဲဖြတ် ဒိုင်ချုပ်ဆရာမဒေါ်မေမြတ်မွန်က ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဖျာပုံမြို့နယ်အတွင်းရှိ မြို့နယ်အဆင့် အခြေခံပညာ အထက်တန်း​ကျောင်း (၇)ကျောင်းမှ ပြိုင်ပွဲဝင် ​ကျောင်းသားကျောင်းသူ (၇)ဦးတို့က "(၁)နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရေးတွင် လွတ်လပ်ရေးသည် မရှိမဖြစ်လိုအပ်သည့် ပင်မရင်းမြစ် အသက်သွေးကြောဖြစ်သည်၊ (၂) လွတ်လပ်ရေးကို အခြေတည် ပြည်ထောင်စုဖွားသွေးချင်များ သွေးစည်းချစ်ကြည်လက်တွဲညီကြမည်၊ (၃) (၇၄)နှစ်မြောက်မှသည် ထောင်စုနှစ်များဆီ ဦးတည်လို့ လွတ်လပ်ရေးအမွေကို ထိန်းသိမ်းကြပါစို့" ခေါင်းစဥ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အကဲဖြတ် ဒိုင်အဖွဲ့မှ စည်းကမ်းချက်များနှင့်အညီ အမှတ်ပေးခဲ့ကြပြီးပြိုင်ပွဲတွင် ဆုရရှိကြသူများသည် ခရိုင်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာ​ရေးမှုးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်