သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲကျင်းပ

သဲကုန်း  ဇန်နဝါရီ ၃

ကျောင်းသား၊ကျောင်းသူ ကလေးသူငယ်များ အနေဖြင့်    အားလပ်ချိန်များကို   အကျိုးရှိစွာ  အသုံးချ တတ်ရန်၊  ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊  ကိုယ်ပိုင်တီထွင်  တတ်သည့်  အတွေးအခေါ်  များ  ရှိစေရန်၊  စာကြည့်တိုက်ကို  အသုံးပြုတတ်စေရန်  ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်း မြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ကလေးစာဖတ်ခန်းတွင်  ယမန်နေ့ နေ့လည် (၁)နာရီအချိန်ကဆေးရောင်ခြယ်ပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါ  ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲတွင်  ​ ​​​မြို့နယ်ဦးစီးမှူးဒေါ်ချစ်နှင်းသုန်က ကလေးသူငယ်များအနေဖြင့်   စာဖတ် ခြင်းဖြင့်  အသိပညာဗဟုတတိုးပွားလာစေရန်၊ စာကြည့်တိုက်ကို လာရောက်အသုံးပြုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် အတွက်   ယခုကဲ့သို့  ပြိုင်ပွဲများ  ပြုလုပ်ပေးခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။  ထို့နောက်  ကိုဗစ်-၁၉ရောဂါ  စည်းကမ်း ချက်များ နှင့်အညီ  ဆေးရောင်ခြယ်ခြင်းနှင့်အားကစားပြိုင်ပွဲများပြုလုပ်ပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းနှင့် အမှတ်တရ လက်ဆောင် များ   ပေးခဲ့ကြောင်း  သိရသည်။ 

ချစ်နှင်းသုန်