ကနီ ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ မြို့နယ်အားကစားကွင်း၌ ကျင်းပသော ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း ၉ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဇန်နဝါရီလ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ မြို့နယ်ထွေ/အုပ်ရုံးဝင်းအတွင်း၌ ကျင်းပသော ကြက်တောင်ရိုက် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၆ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော “ရွှေကနီ’’အသင်း၊ ဒုတိယဆုရရှိသော ‘‘မီးသတ်-ခ’’အသင်း၊ တတိယဆုရရှိသော ‘‘ဘာလာလာ’’အသင်းနှင့် ကြက်တောင်ရိုက် ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ၂၀၂၂ခုနှစ်၊ လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားတွင် ဆုများချီးမြှင့် သွားမည်ဖြစ်ကြောင်းနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအပြီးတွင် မြို့နယ် အားကစားကွင်း အတွင်း၌ ပျော်ပွဲရွှင်ပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)