မကွေးမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ

မကွေး ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲများကို ယမန်နေ့ နံနက် နာရီက တိုင်းဒေသကြီး မိုးလုံလေလုံ အာကစား ခန်းမနှင့် ခရိုင်အားကစားကွင်းတို့တွင် ကျင်းပလျက်ရှိသည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများအဖြစ်  ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ဘောလီဘောပြိုင်ပွဲ(ကျား/) ထုတ်ဆီးထိုးပြိုင်ပွဲ၊ မီတာ(၁၀၀) ပြေးခုန်ပစ် (ကျား/) ပြိုင်ပွဲများ ထည့်သွင်းကျင်းပပြီး၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ အေးချမ်းပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် လျက်ရှိသည်။

အဆိုပါ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ() ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲဆုရရှိသူများအား လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ