ကြာအင်းဆိပ်ကြီးမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကြာမင်းဆိပ်ကြီး ဇန်နဝါရီ ၃

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အများပြည်သူများအနေဖြင့် လေ့လာသိရှိစေနိုင်ရေး အတွက် ယနေ့နံပိုင်းအချိန်က လူစည်ကားရာ အမှတ်(၅)ရပ်ကွက်ရှိ ဇမိရတနာဈေးအတွင်းသို့ သွားရောက်ပြီး အဆိုပါသတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ () လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းမှ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိကကောက်နုတ်ချက်များ ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀--၁၉၄၆ ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသည့် အမျိုးသား ညီညွတ်ရေး မိန့်ခွန်းကောက်နုတ်ချက်များ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ် များ ၁၉၄၈ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနား တွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် လွတ်လပ်ရေးကို ကာကွယ်ရမယ် မိန့်ခွန်း ကောက်နုတ် ချက်များ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄) ရပ် ကဗျာဆရာ ဖိုလေးလုံးသောင်းကိုကိုရေးသားသည့် တို့များဆင်မြန်း လွတ်လပ်ပန်း ကဗျာများအား ပါဝင်ရေးသား ထုတ်ဝေထားကြောင်း သိရသည်။

မျိုးမင်းဦး