ဝေါ သြဂုတ် ၂၄
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန၊ ဝေါမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်အတွင်း Mask များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန် ယနေ့ နံနက် ၉ နာရီက ဝေါမြို့မဈေးရှိ စျေးဆိုင်များလိုက်လံ စစ်ဆေးခဲ့ ကြောင်း သိရှိရသည်။
ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ စစ်ဆေးရေးမှူး ဦးထွန်းနိုင်နှင့် မိတ်ဖက်ဌာနများ ဖြစ်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ ဝေါမြို့နယ် အတွင်းရှိ စျေးဆိုင်များတွင် Mask များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန် စိစစ်ဆောင်ရွက်ခဲ့ပြီး ထုတ်လုပ်ဖြန့်ချိ ရောင်းချ လျက်ရှိသော ကုန်စည်များအနက် သောက်ရေသန့်၊ အချိုရည်၊ ယိုမျိုးစုံတို့အား စားသုံးသူပြည်သူများ အဆင်ပြေ နိုင်စေရေး အတွက် စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြန်မာဘာသာဖြင့် ဖော်ပြရာမှာ စားသုံးသူရေးရာဌာနမှ ထုတ်ပြန်ထားသော အချက်(၇)ချက်ကို စနစ်တကျ လိုက်နာပေးစေလိုကြောင်း အသိပညာပေး ပြောကြားကာ လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)