ဒေးဒရဲ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုခြင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online ကတဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိရာ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုခြင်း အသိညာပေးအဖြစ် ဖိုးလေးလုံး သောင်းကိုကိုရေးစပ်သီကုံးသည့် တို့များဆင်မြန်း လွတ်လပ်ပန်းကဗျာအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန်က လည်းကောင်း၊ မြင်းမူမောင်နိုင်မိုး ရေးစပ်သီကုံးသည့် ထူးတဲ့ ရှုခင်း လွတ်လပ်ခြင်းကဗျာကို စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သီတာမိုးက လည်းကောင်း အသိပညာပေး ရွတ်ဆိုခဲ့ကြောင်း သိရသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒေးဒရဲမြို့နယ်ရုံးက ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အစီအစဉ် အပြည့်အစုံကို ဒေးဒရဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)