မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ ကျောက်တောင်ရွာသို့ ရေတွင်းနှင့်ရေတင်စက်လှူဒါန်း

ပခုက္ကူ    ဩဂုတ်   ၂၄

မြိုင်မြို့နယ် ကျောက်တောင်ကျေးရွာတွင် ရေတွင်းနှင့်ရေတင်စက်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပ သည်။

ရှေးဦးစွာ ရေတွင်းနှင့်ရေတင်စက်အလှူရှင် မကွေးတိုင်းဒေသကြီး သံဃနာယက ဒုတိယ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္ဒကရေတွင်းနှင့် ရေတင်စက် လှူဒါန်းရခြင်းကို ရှင်းလင်းမိန့်ကြားသည်။

ဆက်လက်၍ ဆရာတော်က ရေတွင်းနှင့်ရေတင်စက်ဆိုင်ရာ စာရွက်စာတမ်းများကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းအောင်ထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ရေတွင်းနှင့်ရေတင်စက်ကို အလှူရှင်ဆရာတော်ဘဒ္ဒန္တစန္ဒ နှင့်ကျောက်တောင်ရွာ ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တပညာစာရ မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။ ရေတွင်းနှင့် ရေတင်စက်တို့ကို စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စေတနာ မျှဝေရေး အစီအစဉ်အရ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တွင်းတူးစက်နှင့်နည်းပညာ အကူအညီဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ဆရာတော်က ကျပ်ငွေ ၉၂ သိန်းလှူဒါန်းပေးကြောင်းသိရသည်။

အဆိုပါကျောက်တောင်ရွာသည် မြိုင်မြို့နှင့် မိုင် ၃၀ ခန့်ဝေးကွာပြီး ယခင်က လမ်းပန်း  ဆက်သွယ်ရေး ခက်ခဲသောဒေသဖြစ်ကျေးရွာတွင် အိမ်ခြေ ၃၂၆ အိမ်နှင့်လူဦးရေ ၁၇၈၂ ဦး ရှိ ကြောင်းယခင်က တွင်းတိမ်များက ရေသည် ရေငန်များဖြစ်ခြင်းကြောင့် သောက်ရေသုံးရေ အခက်ခဲဖြစ်ရကြောင်း ယခုတွင်းမှရေသည်ရေချိုဖြစ်၍ မိမိတို့ ရပ်ရွာအတွက် ရေအခက်အခဲမရှိတော့ကြောင်း အကူအညီပေးသောသူများအားလုံးကို အထူးကျေးဇူးတင် ပါကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

ကိုတမာ(ပြန်/ဆက်)