ကော့သောင်း ဇန်နဝါရီ ၃
ကော့သောင်းမြို့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားတစ်ရပ်၊ ယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦး စီးဌာန ၊ မီးသတ်တပ်ဖွဲ့စခန်း အစည်းအဝေးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က အရန်မီးသတ် သင်တန်းသားများအား တူညီဝတ်စုံနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ငြိမ်းဦးမှ စာရေးကရိယာများ ပေးအပ်ကြ သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအား မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာ အသီးသီးရှိ ဖွဲ့စည်းထားသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေး အန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ မီးသတ်စွမ်းရည် ပြည့်ဝစွာ မီးငြိမ်းသတ်နိုင်ရေး၊ ပြည်သူများ၏ လူမှုရေးလုပ်ငန်းများတွင် စေတနာထား လုပ်ငန်းကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးအား လက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေး ဘာသာရပ်များကို သင်တန်း ကာလ (၁) လကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)