မအူပင် ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄) ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၁း၀၀နာရီအချိန်ကကျောင်းသား၊ ကျောင်းသူများနှင့် လူစည်ကားရာနာရီစင်ရှေ့၊ တိုးရွှေဝါခန်းမရှေ့စသည့်နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက် (၄)ရပ်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်ပထမဆုံးသော လွတ်လပ်ရေး နေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ပြောကြားသည့်မိန့်ခွန်းမှကောက်နုတ်ချက်၊ကဗျာ၊ကာတွန်းနှင့် ဆောင်ပုဒ်များ အစရှိသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။