မြိတ် ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ရာ၌ လုပ်ငန်းကျွမ်းကျင် စွာဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် မီးသတ် ဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် မီးသတ်ပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးပညာရပ်များနှင့် ဥပဒေဝ နည်းဥပဒေများကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းဦးဆောင်၍ သင်တန်းနည်းပြ (၆) ဦးမှ ရက်သတ္တ (၄) ပတ်ကြာ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းကို သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦး တက်ရောက် လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
သင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေး ခဲ့ပြီး ခေတ္တမြို့နယ်မီးသတ်ဦးစီးဌာနမှူး ဒု-ဦးစီးမှူး ဦးအောင်သူဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။ ထိုနောက် သင်တန်းသားများအတွက် စာရေးကိရိယာများနှင့် တူညီဝတ်စုံတစ်စုံစီကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပေးအပ်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက် )