ဒေးဒရဲ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများကို ယနေ့ နံနက် ၁၀နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန်က ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ အနေဖြင့် လွတ်လပ်ရေးနေ့ သမိုင်းကြောင်းကို သိရှိနိုင်ရေး ၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များ ရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူကလေးများက စိတ်ကြိုက်ပုံပြင်ပြောခြင်း၊ ပူဖောင်းမှုတ်၊ ပူဖောါင်းသယ်၊ မျှားပစ် ပြိုင်ပွဲများတွင် ပါဝင် ယှဥ်ပြိုင်ခဲ့ပြီးနောက် တာဝန်ရှိသူများက ဆုရရှိသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေဇာလင်း