တနင်္သာရီ ဇန်နဝါရိလ ၃
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ၂၀၂၂ခုနှစ် (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အလွတ်တန်း ဖူဆယ်ဘောလုံး ပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ပြိုင်ပွဲဝင်အသင်း (၆) သင်းက မြို့နယ်အားကစား ကွင်းအတွင်း ယှဉ်ပြိုင်ကစားလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်တွင် ဝန်ထမ်းပေါင်စုံ အသင်းနှင့် မြို့နယ်မီးသတ်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားကြရာ၊ ဝန်ထမ်း ပေါင်စုံ အသင်းက (၄ဂိုး-၁ဂိုး) ဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအသင်းနှင့် ပညာရေးဌာနအသင်းတို့က တတိယနေရာလုပွဲကို ယှည်ပြိုင်ကစားကြရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအသင်းက တတိယနေရာ ရရှိခဲ့ ကြောင်းနှင့် ဆုရအသင်းများအား (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနား အပြီးတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း