ဘုတ်ပြင်း ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ အခြေခံပညာကျောင်းများ၊ မြို့မဈေး ၊တက္ကစီဂိတ်နှင့် လူစည်ကားသည့် နေ့တို့ရာတွင် အခမဲ့ အသိပညာပေး ဖြန့်ဝေပေးလျက်ရှိသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက် ၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်ကောက်နုတ်ချက်၊ (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်အမည်များ၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ စသည့်တို့ပါဝင်သည့် လက်ကမ်းစာစောင်များကို အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)