အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲကျင်းပ

ဘုတ်ပြင်း   ဇန်နဝါရီ    

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် မီးသတ်းစခန်း၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးရဲလင်းဦး တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားရာတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်ဆိုတာ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာ၊ အကြင်နာ စသည့် နာ (၅) နာ အရင်းခံပြီး ပြည်သူတို့၏ အသက်အိုးစည်းစိမ်ပစ္စည်းများနှင့် ကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တာဆီးကာကွယ်ရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာ သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက်  ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်(၄)ရပ်ဖြစ်သည့် မီးသတ်စွမ်းရည်၊ရှာဖွေကယ်ဆယ်ရေး စွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်၊ စည်းရုံးရေးစွမ်းရည်များကို အစဉ်ထက်မြက်ရေးလေ့ကျင့်သွားကြရန် သင်တန်းမှ သင်ကြား သည့်ဘာသာရပ်များကို အထူးဂရုစိုက်သင်ကြားသွားကြရန် လိုအပ်ကြောင်း ပြောကြားပြီး  အရန်မီး သတ် တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးတူညီဝတ်စုံများကို တာဝန်ရှိသူများက အသီးသီးပေး အပ်ခဲ့သည်။

သင်တန်းတွင် ရပ်ကွက်ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦး တက်ရောက်ကြပြီး  သင်တန်း နည်းပြ များက ဘာသာရပ်အလိုက် စာတွေ့လက်တွေ့များကို ကျွမ်းကျင်အောင်သင်ကြားပေး သွားမည် ဖြစ်ပြီး သင်တန်း ကာလမှာ  ဇန်နဝါရီလ ၃ ရက်နေ့မှ ၂၈  ရက်နေ့ထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်