(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အသိပညာပေး ဖြန့်ဝေ

ဘုတ်ပြင်း ဇန်နဝါရီ ၃  

တနင်္သာရီတိုင်းဒေသကြီး  ဘုတ်ပြင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ (၄) ရက်နေ့ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေ သည့် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များက ဌာနဆိုင်ရာရုံးများ အခြေခံပညာကျောင်းများ၊ မြို့မဈေး ၊ တက္ကစီဂိတ်နှင့် လူစည်ကားသည့် နေ့တို့ရာတွင် အခမဲ့ အသိပညာပေး ဖြန့်ဝေပေးလျက်ရှိသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ၁၉၄၈ ခုနှစ်၊ဇန်နဝါရီ ၄ ရက်  ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်ကောက်နုတ်ချက်၊ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်အမည်များ၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ စသည့်တို့ ပါဝင်သည့် လက်ကမ်းစာစောင်များကို အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)