ကရသူရိမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

ကရသူရိ ဇန်နဝါရီ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီ က မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းတွင် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြစ်သည့်အတွက် ပြည်သူများနှင့် ကျောင်းသား/သူများ၊ အနာဂတ် လူငယ်/လူရွယ်များ လွတ်လပ်ရေး အကြောင်း သိရှိနားလည်ထားကြရန်နှင့် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်နိုင်ရေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း ထိုစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေး၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄) ရပ်၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ မျိုးချစ်အားနှင့် ကာကွယ်ပါ၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက၊ တို့များဆင်မြန်း လွတ်လပ်ပန်း၊ သွေးစည်းချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည် တို့အသက် စသည့် အကြောင်းအရာများစုံလင် စွာဖော်ပြပါရှိကြောင်း အဆိုပါစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ ထုတ်ဝေထားပြီး ပြည်သူများ အသိပညာဗဟုသုတရရှိရေးအတွက် မြို့ပြန်/ဆက် ဝန်ထမ်းများက ဈေးဆိုင်များ၊ လမ်းသွား/လမ်းလာသူများ၊ ဌာဆိုင်ရာများနှင့် ကျောင်းသား/သူများကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)