ကမမောင်းမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို Talk Show ကျင်းပ

ကမမောင်း ဇန်နဝါရီ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို Talk Show ကို ယနေ့နံနက် (၁၀) အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်အေးက Talk Show ကျင်းပဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဖာပွန်ခရိုင် ဦးစီးမှူးဒေါ်ခင်စန်းမြင့်က လွတ်လပ်ရေးနေ့ သမိုင်းကြောင်း၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေး ရရှိဆောင်ရွက်ခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း  စသည့်အကြောင်းအရာတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 

အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြို့ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)