(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပ

လှိုင်းဘွဲ  ဇန်နဝါရီ  ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊ (ခ)ရပ်ကွက်အတွင်းရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို  အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြုလုပ်ကျင်းပပေးခဲ့ကြောင်း သိရသည်။

အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအတွက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲအနေဖြင့် အလယ်တန်းအဆင့် ကျောင်းသူများအတွက် ထုပ်စည်းထိုးပြိုင်ပွဲများ၊ အလယ်တန်းနှင့်မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများအတွက် ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲ၊ အာလူး ကောက်ပြိုင်ပွဲနှင့် တာတိုအပြေးပြိုင်ပွဲ စသည့်အားကစားပြိုင်ပွဲများကို ကျောင်းအုပ် ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ကျောင်းသား မိဘများကစုပေါင်း၍ ကျင်းပပေးခဲ့ပြီး ဆုရရှိခဲ့ကြသော ကလေးများအား ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင် မိဘများက ဆုများချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)